မန္တ​​လေး ကျုံးမြောက်ပေါက်တံတားအနီးတွင် အမျိုးသား ၁ ဦး ရေထဲပြုတ်ကျ သေဆုံး


(ပြည်တွင်း) မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၂ လမ်း၊ ၇၃ လမ်း x ၇၄ လမ်းကြားရှိ ကျုံးမြောက်ပေါက်တံတားအနီးတွင် ယနေ့ နံနက် ၈ နာရီ ၄၅ အချိန်က အမျိုးသား ၁ ဦး ကျုံးအတွင်း ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မန္တလေး ကျုံးမြောက်ပေါက်တံတား အနီးတွင် အမျိုးသား ၁ ဦး ကျုံးအတွင်း ပြုတ်ကျမှုဖြစ်ပွားကြောင်း သိရရှိသဖြင့် အောင်မြေသာစံမြိုနယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၁၄ မိနစ်အချိန်ခန့်တွင် ရေနစ်သေဆုံးသူ အမျိုးသား ၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး စေတနာ၊ မေတ္တာ၊ ကရုဏာလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ