(ပြည်တွင်း)မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်၊ မိုင်တိုင်အမှတ်(၂၆)အနီးမှာ၊ မေ (၁၈)ရက်၊ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့်၊ လမ်းချော်ကာ ကား ၃ စီး၊ တိမ်းမှောက်ခဲ့ပြီး လူ ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ပြင်ဦးလွင်မြို့၊ နယ်မြေ(၃)ပြင်စာ၊ မေမြို့-မန္တလေး (အဆင်းလမ်း)ပြင်စာဈေး တန်းအနီးမှာ ယာဉ်တိမ်းမှောက်မှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၁၈ ဦး အနက် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၁၂ ဦးအား ဒေသခံရတနာပုံ မီးသတ်တပ်ဖွဲ့နဲ့အတူ၊ သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း အရေးပေါ်ယာဉ် ၂ စီး၊ ရွှေမြင်သာလူမှုကူညီရေးအသင်း၊ ပြင်စာမှယာဉ် ၁ စီး၊ အရေးပေါ်ယာဉ်၊ စုစုပေါင်း ၃ စီးဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ကူညီခဲ့ကြကြောင်း သိရှိရသည်။
Telegram»…
https://t.me/positiveanglenews/22766?single