လယ်ဝေးမြို့နယ် ခေမာသီဝံကျောင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း)မေ ၂၀

ယမန်နေ့ည ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်က လယ်ဝေးမြို့၊ အမှတ်(၄)ရပ်ကွက်၊ ခေမာသီဝံ(အရှေ့)ကျောင်းအတွင်းရှိ နှစ်ထပ်ကျောင်းဆောင် (အောက်ထပ်အုတ်တိုက်၊ အပေါ်ထပ် ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး) မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၈ စီး ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၁၂ နာရီ ၅ မိနစ် အချိန် မီးအညွန့်ကျိုးခဲ့ပြီး ကျောင်းဆောင်အား ဆက်လက် မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်တွင် ကျောင်းထိုင် ဆရာတော် ဦးတိလောက သည် ကျောင်းဝင်းအတွင်းရှိ သီးခြားကျောင်းဆောင်တွင် နေထိုင်လျက်ရှိကြောင်း၊ လူ/သံဃာနေထိုင်ခြင်းမရှိကြောင်း၊ မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးလောင်မှုကြောင့် နှစ်ထပ်ကျောင်းဆောင် ၁ လုံးပျက်ဆီးဆုံးရှုံးခဲ့ပြီး မီးလောင်ရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22754?single

PAN

ZA #SZ