ယင်းမာပင်မြို့ပေါ်သို့ အကြမ်းဖက် PDF အဖွဲ့မှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ရာ မြို့မဈေးဆိုင်ခန်းများပေါ်သို ကျရောက်ပေါက်ကွဲ


(ပြည်တွင်း) မေ ၁၉

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို အကြမ်းဖက် PDF များမှ Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Drop Bomb သည် လုံခြုံရေးစခန်းများပေါ်သို့ ကျရောက်ခြင်းမရှိပဲ မြို့မဈေးတိုက်တန်း ဈေးဆိုင်ခန်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီး ၃ ဦး နှင့်ကလေးငယ် ၂ ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြပြီး ဆေးကုသမှုခံယူနေကြရာ ယနေ့တွင် ၎င်း ၅ ဦး ထဲမှအမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု၊ မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု၊ မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကို လည်း Drop Bomb ဖြင့်ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22737

PAN

GE #SZ