“အပစ်အခတ် ရပ်စဲရေးကြိုးပမ်းမှုများကို အစ္စရေးရှောင်လွှဲခဲ့ဟု အီဂျစ်ပြော”


 ( နိုင်ငံတကာ)မေ ၁၈
အစ္စရေးနိုင်ငံသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ် စစ်သွေးကြွအဖွဲ့နှင့် စစ်မက်ဖြစ်ပွားနေစဉ် အပစ် အခတ် ရပ်စဲရေးကြိုးပမ်းမှုများကို ရှောင်လွှဲခဲ့ကြောင်း အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်ဆီဆီ က မေလ ၁၆ ရက်တွင် ပြောသည်။ အစ္စရေးစစ်ဘက်သည် အီဂျစ်နှင့် ဂါဇာကမ်းမြောင်ဒေသကြားရှိ ရာဖာမြို့တွင် စစ်ဆင်ရေး ဆင်နွှဲရေးအတွက်သာကြိုးပမ်းလျက်ရှိပြီးယင်းမြို့အား ပိတ်ဆို့နိုင်ရေးအတွက်နယ်စပ်ဖြတ်ကျော်ရေးလမ်းကြောင်း ကို အသုံးချလျက်ရှိကြောင်း ဆီဆီက ဆက်လက်ပြောကြားသည်။ ရာဖာမြို့ရှိ နယ်စပ်ဖြတ်ကျော်ရေး လမ်းကြောင်း ပိတ်ဆို့ခဲ့ရခြင်းနှင့်စပ်လျဉ်း၍ အစ္စရေးနှင့်အီဂျစ်တို့ကြား အပြန်အလှန် ပြစ်တင်စွပ်စွဲလျက်ရှိသည်။
  ရာဖာမြို့ရှိ နယ်စပ်ဖြတ်ကျော်ရေးလမ်းကြောင်းသည် ဂါဇာဒေသအတွင်းသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စီးဆင်းရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်ရာ ယင်းလမ်းကြောင်းအား ပိတ်ပစ်ခဲ့ရခြင်းသည် ဂါဇာ ကမ်းမြောင်ဒေသ၌ အစားအစာရှားပါးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း သိရသည်။ ထို့ကြောင့် အစ္စရေးနိုင်ငံသည် ၎င်း တို့၏ တာဝန်ဝတ္တရားများ ဖြည့်ဆည်းပေးရန် ရှောင်ရှားလျက်ရှိသည့်အပြင် ဟားမတ်စ်နှင့် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်ကိုလည်း ရှောင်လွှဲခဲ့သည်ဟု အီဂျစ်အစိုးရက တွေ့ရှိခဲ့ကြောင်း ဆီဆီ က ဆက်လက် ပြော ကြားသည်ဟု ST သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN