MFF နှင့် ဆော်ဒီဘောလုံးအဖွဲချုပ်တို MoU လက်မှတ်ရေးထိုး”


မေ ၁၈

မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)နဲ့ ဆော်ဒီအာရေဗျဘောလုံးအဖွဲချုပ်(SAFF)တိုဟာ ဘောလုံးအားကစား တိုးတက်ရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် မေလ ၁၅ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခဲ့တယ်လို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်(MFF)ကနေ သိရပါတယ်။

အဆိုပါ လက်မှတ်ရေးထိုးပွဲကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ အဖွဲချုပ်က တာဝန်ရှိသူတွေ၊ ဆော်ဒီဘောလုံး အဖွဲချုပ် ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ပြီး လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလို ဘောလုံးအဖွဲချုပ် နှစ်ခုအကြား MoU ရေးထိုးနိုင်ခဲ့တဲ့အတွက် လက်ရွေးစင်အသင်းတွေ စခန်းဝင်လေ့ကျင့်ရေးပြုလုပ်တာ၊ လေ့ကျင့်ရေး နည်းစနစ်တွေနဲ့ ဘောလုံးနည်းဗျူဟာတွေ အပြန်အလှန်ဖလှယ်တာ၊ လူငယ်လက်ရွေးစင်အသင်းတွေ၊ အမျိုးသမီး အသင်းတွေ၊ ဖူဆယ်လက်ရွေးစင်အသင်းတွေ၊ ကလပ်အသင်းတွေ အချင်းချင်းကြား ခြေစမ်းပွဲတွေစီစဉ်တာ စတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာ့ဘောလုံးလောကတိုးတက်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို သိရပါတယ်။

MFF ဥက္ကဋ္ဌ နဲ့ အာရှဘောလုံးအဖွဲချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ ထိုင်းနိုင်ငံမှာ မေလ ၁၆ ရက် ကနေ ၁၇ ရက်အထိကျင်းပနေတဲ့ (၃၄) ကြိမ်မြောက်အာရှဘောလုံးအဖွဲချုပ်ကွန်ဂရက်၊ (၇၄) ကြိမ်မြောက် ဖီဖာကွန်ဂရက် တိုကို တက်ရောက်နေတာဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22705?single

PAN

SZ