လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအတွင်းအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှိ


မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းအား ယမန်နေ့ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခံရသောကြောင့် လူ ၂ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဧရာသီရိလမ်းရှိ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အမည်မသိလူ ၂ ဦးမှ ဆိုင်ကယ်မောင်းနှင်၍ရောက်ရှိလာပြီး ရုံးခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထိုပေါက်ကွဲမှုကြောင့် ရုံးခန်း အတွင်းထိုင်နေသော ရုံးအကူ၊ ဦးကျော်ရင်၊ အသက် ၇၄ နှစ်တွင် မေးစေ့ ဗုံးစထိမှန်ဒဏ်ရာ ၁ ချက်ရရှိခဲ့ပြီး၊ ရုံးအကူ မောင်ဘာဘူ၊ အသက် ၁၇ နှစ်တွင် ဝဲလက်မောင်း ထိမှန်ဒဏ်ရာတို အသီးသီးရရှိခဲ့သဖြင့် နှလုံးသားလူမှုကူညီရေးအသင်းယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးရာ အခင်းဖြစ်နေရာမှ လက်ပစ်ဗုံးလက်ကိုင်တစ်ခုအား တွေ့ရှိခဲ့ပြီး တရားခံဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ပူးပေါင်းအဖွဲ့မှပိတ်ဆို့ ရှာဖွေစစ်ဆေး လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22635

PAN

SZ