မေ ၁၆
ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တောင်မတောရွာမကျေးရွာအနီး လုံခြုံရေးအဖွဲ့များနယ်မြေရှင်းနေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၁ လောင်း၊ M-16 သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ လက်လုပ်သေနတ်(အတို) ၁ လက်၊ လက်လုပ်သေနတ် (အရှည်) ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ၄၀ မမ လက်လုပ်ဗုံးသီး ၁၅ လုံး၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၂၅ တောင့်၊ Nissan (ဖြူ)ကား ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ အပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။
Telegram»…
https://t.me/positiveanglenews/22632?single