ပဲခူးမြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိရာမှ ပြင်းထန်ဒဏ်ရာရ


(ပြည်တွင်း) မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း ပဲခူးမြို့ နှင့် ဘုရားကြီးမြို့အကြားရှိ ရွှေတန်ကျေးရွာ၏ ရွာထိပ် အနီးတွင်ယမန်နေ့ ည ၇ နာရီမချိန်ခန့်က ” မြတ်ရတနာ”အမည်စာတမ်းပါ ယာဥ်အမှတ် 3F-9219 နှင့် ဆိုင်ကယ်တစ်စီးတို့တိုက်မိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ပဲခူးဘက်မှ ထွက်ခွာလာသော စက်ရုံဝန်ထမ်း ကြို/ပို့ယာဥ် ” မြတ်ရတနာ”အမည်စာတမ်းပါ ယာဥ်အမှတ် 3F-9219 နှင့်ဆိုင်ကယ်တစ်စီးတို့ တိုက်မိခဲ့ကြောင်း၊ ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ ဆိုင်ကယ်စီး သူ အမည်မသိ(စုံစမ်းဆဲ) တစ်ယောက်တည်းဖြစ်ပြီး အဆိုပါဆိုင်ကယ်စီးလူနာမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်(စိုးရိမ်ရ) အားပဲခူးဆေးရုံသို့ ပို့ဆောင်ထားရပြီး ၎င်းနှင့်အတူ ထမင်းချိုင့်၊ ဟမ်းဖုန်း ပါရှိပြီး ဆိုင်ကယ်မှာဖြစ်စဥ်ကြောင့် ပေ ၂၀ ခန့် လွင့်စင်သွားပြီး သုံးမရအောင် ပျက်စီးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဥ်အားနယ်မြေရဲ့စခန်းမှ အမှုဖွင့် စစ်ဆေးစုံစမ်းနေကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22555?single

PAN

SZ