ပဲခူးမြို့နယ်ရှိ မိုးကြီးအင်း လယ်ကွင်းပြင်တွင်တောင်သူတစ်ဦးနှင့်ကျွဲနှစ်ကောင် မိုးကြိုးထိမှန် သေဆုံး


မေ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ မိုးကြီးအင်း လယ်ကွင်းပြင်တွင် တောင်သူတစ်ဦးနှင့် ကျွဲနှစ်ကောင် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ရမှု မေလ ၁၂ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရတယ်။

ဖြစ်စဥ်မှာ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ဝမ်းဘဲအင်းကျေးရွာ အမှတ်(၂)ရပ်ကွက်နေ ဦးလှမျိုးထွန်းသည် ရိတ်သိမ်းပြီး စပါးများအား တိုက်ယူရန် ညီဝမ်းကွဲ သက်နိုင်အေးနှင့်အတူ ယမန်နေ့ ညနေပိုင်းက မိုးယွန်းကြီးအင်းကွင်းအတွင်း ကျွဲလှည်းကိုယ်စီဖြင့် သွားရောက်ခဲ့ရာ မိုးယွန်းကြီးအင်းကွင်းအရောက်တွင် မိုးသက်လေပြင်းများကျရောက်၍ မိုးကြိုးပစ်ခတ်မှုကြောင့် ရှေ့မှသွားနေသူ ဦးလှမျိုးထွန်း၏ ကျွဲလှည်းအား မိုးကြိုးထိမှန်ခဲ့ပြီး လှည်းပေါ်တွင်ပါလာသူ ဦးလှမျိုးထွန်းနှင့် ကျွဲ(၂)ကောင်မှာ မိုးကြိုးထိမှန် သေဆုံးသွားခဲ့ကြောင်း သိရသည်။

VK Link>>…
https://vk.com/wall-220066330_6354

Telegram»…
https://t.me/positiveanglenews/22534

PAN

SZ