အမြန်လမ်းမကြီးတွင် ယာဥ်မတော်တဆမှုဖြစ်ပွားခဲ့


မေ ၁၃

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၆၂/၄)နှင့် (၆၂/၅)ကြားတွင် ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က MITSUBISHI CANTER (အပြာရောင်)ယာဉ်(၁)စီးသည်မောင်းနှင်းလာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘေးရှိ ဘယ်ရီယာတုံးများအား တိုက်မိတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ ဥသျှစ်ကုန်း အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ) ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများအား မြို့ချောင်းအမြန်လမ်းမကြီး ဆေးရုံသို့တင်ပို့ ဆေးကုသမှုခံယူနေရကြောင်း သိရှိရသည်။

ပုံ-မီးသတ်တပ်ဖွဲ့ FB

Telegram»…
https://t.me/positiveanglenews/22532

PAN

SZ