ကိုရီးယားသွင်းကုန်ပြပွဲမှာ လာရောက်ပြသနိုင်ရန် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ဖိတ်ခေါ်


မေ ၁၃

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အစည်းအဝေးနှင့် ပြပွဲကျင်းပရေးစင်တာ (Convention & Exhibition Center – COEX)တွင် ကျင်းပပြုလုပ်မည့် ကိုရီးယားသွင်းကုန်ပြပွဲ ၂၀၂၄ (Korea Import Fair – KIF 2024)တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ လာရောက်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။ အဆိုပါ ကိုရီးယားသွင်းကုန် ပြပွဲ -၂၀၂၄ (Korea Import Fair – KIF 2024) ကို ဇူလိုင်လ ၄ ရက် ကနေ ၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပြပွဲကို ကိုရီးယားနိုင်ငံ သွင်းကုန်တင်သွင်းသူများအသင်း (Korea Importers Association – KOIMA) ကကြီးမှူး၍ နှစ်စဉ် ကျင်းပလေ့ရှိပြီး KIF 2024 ကျင်းပရတဲ့ ရည်ရွယ်ချက်မှာ ပြည်ပနိုင်ငံများမှ ထုတ်ကုန်များကို ကိုရီးယားနိုင်ငံရှိ သွင်းကုန်တင်သွင်းသူများနှင့် Korea Importers Association – KOIMA အဖွဲဝင်ကုမ္ပဏီများအား မိတ်ဆက်ပေးရန် ဖြစ်ကြောင်း သိရပါတယ်။

KIF 2024 ဟာ (၂၁) ကြိမ်‌မြောက်ပွဲဖြစ်ပြီး အဆိုပါပြပွဲကို ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ ကုန်ကျစရိတ်ခံကာ ကျင်းပပေးသွားမှာ ဖြစ်တာကြောင့် KIF ပြပွဲများသည် ပြည်ပထွက်ကုန် များကို တစ်နေရာတည်းမှာပြသနိုင်တဲ့ တစ်ခုတည်းသောပြပွဲ ဖြစ်တဲ့အတွက် နိုင်ငံတွင်းရှိ သွင်းကုန် လုပ်ငန်းရှင်များ သာမက ပြည်သူများ၏ စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်တဲ့ ပြပွဲတစ်ခုဖြစ်ပါတယ်။

ပြပွဲကာလအတွင်း ဆွေးနွေးပွဲများနှင့် B2B ဆွေးနွေးပွဲများကိုပါ ကျင်းပသွားမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ မှ ပိုကုန်ပစ္စည်းများ ကိုရီးယားဈေးကွက်အတွင်းဝင်ရောက်နိုင်ရန် လာရောက်ပြသစေလိုကြောင်း ဖိတ်ခေါ်မှုများ ပြုထားကြောင်းလည်း သိရပါတယ်။

Korea Import Fair (KIF 2024) မှာ ပြခန်းတစ်ခန်းကို ၉ စတုရန်းမီတာ (၃ မီတာ x ၃ မီတာ) အကျယ်အဝန်း ရှိကာ အမေရိကန်ဒေါ်လာ ၂,၄၀၀ ကျသင့်မည်ဖြစ်ပြီး တောင်ကိုရီးယား နိုင်ငံအခြေစိုက် သံရုံးတစ်ရုံးလျှင် ပြခန်း တစ်ခန်းကို အခမဲ့နဲ့ ပါဝင်ပြသခွင့်ပြုမှာဖြစ်ပါတယ်။ ပြခန်းတစ်ခန်းထက် ပိုမိုဝယ်ယူလိုတဲ့ လုပ်ငန်းရှင်များအနေနဲ့ မြန်မာသံရုံး(ဆိုးလ်မြို)မှတစ်ဆင့် ပေးပိုလျှောက်ထားပါက ပြခန်းတစ်ခန်းစီတိုင်းအတွက် ၂၀ % လျှော့ဈေး (Discount) ပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အဆိုပါပြပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုသည် များရှိပါ က မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ၊ ကုန်သွယ်မှုဖွံဖြိုးရေး ဌာနခွဲ၊ Email: [email protected] ၊ ဖုန်း ၀၆၇ -၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ သို ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22531

PAN

SZ