သပိတ်ကျင်းမြို့နယ်၊ ကြာညှပ် အ.ထ.ကတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့အားအကြမ်းဖက် PDF အဖွဲ့မှ Drop Bome ချတိုက်ခိုက်


(ပြည်တွင်း )မေ ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ရဲကင်းစခန်း၏ အနောက်တောင်ဘက် ကိုက် ၂၀၀ ခန့်အကွာရှိ အ.ထ.က(ကြာညှပ်)တွင် ယမန်နေ့ ည ၈ နာရီ ၃၀ အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့မှ Drop Bomb ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ကြာညှပ်ရဲကင်းစခန်း၏ မြောက်ဘက် ၁ မိုင်ခန့်အကွာရှိ ပုတီးဖြူကျေးရွာဘက်မှ အကြမ်းဖက် PDF ခေါင်းဆောင်/အင်အား (စိစစ်ဆဲ) တို့မှ Drone ၂ စီးဖြင့် ခန့်မှန်းမီတာ ၆၀၀ ခန့် အမြင့်မှ လာရောက်၍ Drop Bomb ၄ လုံးအား ပစ်ချတိုက်ခိုက်ခဲ့ပြီး Drone ၂ စီးမှာ ပုတီးဖြူကျေးရွာဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb ၄ လုံးမှာ အ.ထ.က (ကြာညှပ်)ကျောင်းဝင်းအတွင်း မြေကွက်လပ်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ အဆောက် အဦးများ ထိခိုက်ဒဏ်ရာရရှိမှု/ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22517

PAN

SZ