နိုင်ပွဲရဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ ဆာဘာလန်ကာ


မေ ၁၂

ကမ္ဘာ့အဆင့်(၂)မှာရပ်တည်နေတဲ့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ဟာ အီတလီအိုးပင်းပြိုင်ပွဲ အစောပိုင်းအဆင့်ကနေ မထွက်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

ဒုတိယအဆင့်ပွဲအဖြစ် ဆာဘာလန်ကာ နဲ့ အမေရိကန်တင်းနစ်မယ် ဗိုလီနက် တို့ ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ကစားသမား ၂ ယောက်ရဲ့ ကမ္ဘာ့အဆင့်နဲ့ လက်စွမ်း က ကွာဟလွန်းတာကြောင့် ဆာဘာလန်ကာ အတွက် မခက်ခဲနိုင်ဘူးလို အစောပိုင်းက ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပထမပွဲလတ်မှာ ဗိုလီနက် က မထင်မှတ်ဘဲ အနိုင်ရခဲ့သလို ဒုတိယပွဲလတ်အစပိုင်းမှာလည်း ဗိုလီနက် က လက်ရည်အသာနဲ့ ဦးဆောင်နေခဲ့ပြီး ဆာဘာလန်ကာ ရှုးနိမ့်ဖို့နီးစပ်ခဲ့ပါတယ်။

နောက်ပိုင်းပွဲချိန်တွေမှာတော့ ဆာဘာလန်ကာ က အကောင်းဆုံးလက်စွမ်းနဲ့အတူ ပွဲကိုပြန်လည်ဦးဆောင်လာခဲ့ပြီး အမှတ်တွေရယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၂ နာရီနဲ့ ၁၅ မိနစ်အကြာမှာတော့ ဆာဘာလန်ကာ က ဗိုလီနက် ကို ၄း၆၊ ၆း၃၊ ၆း၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

တတိယအဆင့်မှာတော့ ဆာဘာလန်ကာ ဟာ ဆီဒင်အဆင့် (၂၃)ရထားတဲ့ ယူကရိန်းတင်းနစ်မယ် ရက်စ်ထရမ်စကား နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

VK Link>>…
https://vk.com/wall-220066330_6340

Telegram>>…
https://t.me/positiveanglenews/22511

PAN

SZ