အကြားအာရုံကို ကောင်းမွန်စေနိုင်တဲ့ အစားအစာတွေ


မေ ၈

မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သင့်ရဲ့အကြားအာရုံချိုတဲ့ခြင်းမှ ကာကွယ်ပေးနိုင် ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ free radicals တွေက နားအတွင်းပိုင်းမှာရှိတဲ့ အမြှေးပါးလေးတွေ ပျက်စီးခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ် ချိုတဲ့ခြင်းက နားအတွင်းပိုင်းမှာရှိတဲ့ သွေးကြောတွေကိုကျုံစေပြီး အောင်ဆီဂျင်ကင်းမဲ့မှု ဖြစ်စေနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ ငှက်ပျောသီး၊ အာလူး၊ ဟင်းနုနယ်၊ ခရမ်းချဉ်၊ ပန်းပွင့်စိမ်း တိုပဲ ဖြစ်ပါတယ်။

ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ရဲ့ တစ်ရှုးနဲ့သွေးထဲကအရည်တွေကို ထိန်းပေးပါတယ်။ နားအတွင်း ပိုင်းက အရည်လေးတွေအတွက် အရေးပါပါတယ်။

နားအတွင်းပိုင်းက နားရဲ့အစိတ်အပိုင်း တစ်ခုပဲဖြစ်ပြီး ကျွန်တော်တိုကြားတဲ့ အသံတွေကို ဦးနှောက်ဆီကို ပိုပေးကာ ဦးနှောက်ကနေတစ်ဆင့် အသံကို အဓိပ္ပါယ်ကောက် ပါတယ်။

အဲ့ဒီနားအတွင်းပိုင်းက ပိုတက်ဆီယမ်ဓာတ် ရရှိမှုပေါ်မူတည်ပြီး အသံကိုကြားနိုင်ခြင်း ဖြစ်ပေါ်စေတာမို အကြားအာရုံအတွက် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာက အရေးကြီးပါတယ်။

အသက်အရွယ်အိုမင်းလာတဲ့အခါမှာ အကြားအာရုံက အလိုလို အားနည်းလာနိုင်ပါတယ်။ Presbycusis လိုခေါ်တဲ့ အကြားအာရုံဆုံးရှုးခြင်းမျိုး ဖြစ်နိုင်ပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ငှက်ပျောသီး၊ ထောပတ်သီး၊ အာလူး၊ ဟင်းနုနယ်၊ သခွားမွှေး၊ နို၊ လိမ္မော်သီး၊ စပျစ်သီးခြောက်၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ် နဲ့ ပဲထောပတ် တို ဖြစ်ပါတယ်။

လေ့လာချက်တွေအရ ဖောလစ်အက်ဆစ်ဓာတ်က ခန္ဓာကိုယ်အတွက် အကျိုးအများကြီးရှိပြီး ဆဲလ်အသစ် တွေကြီးထွားဖို အထောက်အကူဖြစ်စေပါတယ်။

အရွယ်ရောက်သူတွေမှာ ဖောလစ်အက်ဆစ်ဓာတ် လျော့ကျတဲ့ အခါ အကြားအာရုံဆုံးရှုးခြင်း presbycusis ရောဂါဖြစ်နိုင်ချေ ပိုပြီးများပါတယ်။ ဖောလစ်အက်ဆစ်ဓာတ်က အကြားအာရုံဆုံးရှုးခြင်းကိုလည်း နှေးစေတယ်လို ပြောကြပါတယ်။

ဟော်မုန်းတွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေအတွက် ခန္ဓာကိုယ်က ဖောလစ်အက်ဆစ်ကို အသုံးပြုရပါတယ်။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းတွေကို လျော့ချပေးနိုင် ပါတယ်။ နားအတွင်းပိုင်းက ဆဲလ်တွေအတွက် အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။

ဖောလိတ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက အသား၊ ကညွှတ်၊ ပန်းပွင့်စိမ်း နဲ့ ဟင်းနုနယ်ရွက် တို ဖြစ်ပါတယ်။

နောက်ပြီးတော့ ဇင့်ဓာတ်က သင့်ရဲ့ခန္ဓာကိုယ် ခုခံအားစနစ်ကိုတိုးစေပြီး ဆဲလ်အသစ်ကြီးထွားခြင်းနဲ့ အနာတွေကိုလည်း ကျက်စေပါတယ်။

နားအတွင်းပိုင်းကို ပိုးမွှားတွေကြောင့် အနာဖြစ်ခြင်းကို သက်သာစေဖို အကူအညီပေးပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဗံဒါစေ့၊ မြေပဲ၊ ပဲအမျိုးမျိုး၊ ဆင်ခေါင်းပဲ၊ ကရိန်းဘယ်ရီသီးခြောက် တို ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22365

PAN

SZ