(အားကစား) မေ ၇
လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို အာရုံစိုက်ရတော့မယ်လို ရီးရဲလ်အသင်း နည်းပြ အန်ဆလော့တီ က ပြောကြားလိုက်ပါတယ်။
စနေညကပွဲမှာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို ရှုးနိမ့်ပြီးနောက် ရီးရဲလ်အသင်းဟာ အခုရာသီ လာလီဂါပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို သေချာခဲ့တာ ဖြစ်ပါတယ်။
တစ်ရာသီလုံး အကောင်းဆုံးကြိုးစားခဲ့ပြီးနောက် လာလီဂါချန်ပီယံဆုက ထိုက်တန်တဲ့ဂုဏ်ပြုမှုဖြစ်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲတက်ရောက်ခွင့်ရရှိဖို အာရုံစိုက်ရတော့မှာ ဖြစ်တယ်လို့ နည်းပြ အန်ဆလော့တီ က ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ၂ ဂိုးစီ သရေ ကစားထားတာဖြစ်ပြီး လာမယ့် မေလ ၈ ရက်မှာ ဒုတိယအကျော့ပွဲအဖြစ် အိမ်ကွင်းမှာ ကစားရဖို့ရှိနေတာ ဖြစ်ပါတယ်။
ရီးရဲလ်အသင်းခေါင်းဆောင် နာချို ကလည်း အသင်းခေါင်းဆောင်အဖြစ်နဲ့ လာလီဂါချန်ပီယံဆုရချင်တဲ့ အိပ်မက်တစ်ခုပြည့်ဝခဲ့ပြီဖြစ်သလို ချန်ပီယံလိဂ်ဆုဖလားကိုလည်း ကိုင်မြှောက်ခွင့်ရဖို့ မျှော်လင့်ထားတယ်လို ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews/22350