မေ ၂
တရုတ်နိုင်ငံသည် ၎င်းတို့၏ တတိယမြောက် နည်းပညာမြင့် လေယာဉ်တင်သင်္ဘောကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံပိုင်သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါ ဖူကျန့်အမည်ရှိ လေယာဉ်တင်သင်္ဘောစမ်းသပ်မှုများအား မေလ ၁ ရက်နေ့တွင် ပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်္ဘာနှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်ထုတ်ဖော်ခဲ့ပြီး ၂ နှစ်အကြာ တပ်ဆင်မှု စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
ဖူကျန့်ခေတ်မှီလေယာဉ်တင်သင်္ဘောသည် တရုတ်ပြည်တွင်းထုတ်လုပ်ခဲ့ပြီး တန်ချိန် ၈၀၀၀၀ ကျော်ကို ဝန်အားအပြည့်နှင့်ရွှေပြောင်း သယ်ယူနိုင်စွမ်းရှိကြောင်းသိရသည်။