မေ ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မှ ရေကန်တောင်ကျေးရွာသို့ စပိဘုတ်ဖြင့်ဆင်းလိုက်လာသည့် ရေကန်ကျေးရွာပြည်သူ့စစ် ခေါင်းဆောင်သည် ဧပြီ ၃၀ ရက်နေ့ ညနေ ၄ နာရီခွဲ့ခန့်တွင် ပထော်နောက် ဂဏန်းကျွန်းနားအရောက်တွင် စပိဘုတ်မီးလောင်မှု့ဖြစ်ပွားခဲ့ပြီး ရေထဲသို့ခုန်ချလိုက်ပြီး ကမ်းသို့ ရောက်ရန်ကြိုးစားကူးခတ်ရင်း ရေနက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ဦးကျော်ဇောထိုက်သည် ကျွန်းစုမြို့နယ်ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင် ပင်လယ်ပိုင်းတာဝန်ခံဖြစ်ကြောင်း သိရပြီး၊ သေဆုံးသူ၏ အလောင်းအား တပ်မတော်၅/၁၀၀ ဆေးရုံတွင် ဆေးစစ်မှု့ခံယူပြီး ယင်းနေ့ည ၁၀ နာရီခွဲအချိန်ခန့်တွင် မြိတ်မြို့မှ မိသားစုရှိရာ ရေကန်တောင်ရွာသို့ သယ်ယူခဲ့ရာ မေလ ၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews/22191