ကျိုက်ထိုမြို့တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးအား အကြမ်းဖက်သောင်းကြမ်းသူ ၂ ဦးမှ သေနတ်ဖြင့်ပစ်ခတ်


(ပြည်တွင်း)ဧပြီ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းထောင့်တွင် ဦးကျော်(ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ)အား ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကြမ်းသူ(စိစစ်ဆဲ) ၂ ဦးမှ ဆိုင်ကယ် ၁ စီး ဖြင့် လာရောက်၍ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရှိရပါသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကျိုက်ပိကျေးရွာ တောင်ပိုင်းနေ ဦးကျော်(ခ)ကျော်ကျော်ဦး၊ ၄၈ နှစ် ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူဖြစ်ပြီး ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း နှင့် ဆေးရုံလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ်တွင် ရှိနေစဉ် အကြမ်းဖက်သောင်းကြမ်းသူ(စိစစ်ဆဲ) ၂ ဦးမှ ဆိုင်ကယ် ၁ စီး ဖြင့် ကျိုက်ပိကျေးရွာဘက်မှ လာရောက်၍ သေနတ်အတိုဖြင့် ၅ ချက်ခန့် ပစ်ခတ်ခဲ့ပြီး လာရာလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးကျော်(ခ)ကျော်ကျော်ဦးတွင် ဝဲပေါင်ကျည် ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ ဝဲတင်ပါးကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)၊ ဒဏ်ရာများ ရရှိခဲ့သောကြောင့်
ကျိုက်ထိုလူမှုကူညီရေးအသင်းမှယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံ သို့ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews/22027

PAN