စစ်ကိုင်းမြို့နယ် ယင်းမာပင်မြို့နယ်တို့တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


(ပြည်တွင်း)ဧပြီ ၂၅

စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာအနီး နှင့် ယင်းမာပင်မြို့နယ် ဘန့်ဘွေး(ရွာမ)ကျေးရွာအနီးတွင် လုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် PDF အကြမ်းဖက်များ၏ လက်နက်ယမ်းများ သိမ်းစည်းရမိကြောင်း သိရသည်။

ဧပြီလ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာအနီး နယ်မြေရှင်းနေသော လုံခြုံရေးအဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်လုပ် စိန်ပြောင်း ၂ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄၀ လုံး၊ လက်လုပ်မိုင်း ၃ လုံး Fixed Wing Drone ၁ စီး၊ ဝါယာကြိုး ၃ ခွေ တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

ထို့အတူ ဧပြီလ ၂၄ ရက် မွန်းတည့် ၁၂နာရီခွဲ အချိန့်ခန့်တွင် ယင်းမာပင်မြို့နယ် ဘန့်ဘွေး(ရွာမ)ကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့် တိုက်ပွဲဖြစ်ပွား ပြီး လက်လုပ်စိန်ပြောင်း ၈ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ယမ်းကြိုး ၁ ခွေ လက်၊ လုပ်စိန်ပြောင်းဗုံးသီး ၄ လုံး၊ ဆိုင်ကယ်မျိုးစုံ ၅ စီးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22003?single

PAN