အရှေ့အလယ်ပိုင်းဒေသအရေး ရုရှားသမ္မတပူတင်နှင့် အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီ အမြင်ချင်းဖလှယ် ဆွေးနွေး

ဧပြီ ၁၈

      ရုရှားသမ္မတ ဗလာဒီမာပူတင် က အရှေ့အလယ်ပိုင်းဒေသတွင် နောက်ဆုံးဖြစ်ပေါ်နေသော အခြေအနေနှင့် ပတ်သက်၍ အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အခြေအနေကို ထိန်း သိမ်းဆောင်ရွက်ရေးအတွက် သက်ဆိုင်သည့်အဖွဲ့အစည်းများကို တောင်းဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

       နောက်ထပ်ဖြစ်ပွားလာမည့် တင်းမာမှုများကို တား ဆီးနိုင်လိမ့်မည်ဟု ပူတင် က ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

       အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာရခြင်း၏ အရင်းခံအကြောင်းရင်းမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကြောင့်ဖြစ်ကြောင်း ခေါင်း ဆောင်နှစ်ဦးစလုံးက သဘောတူညီခဲ့ကြသည်။ ရုရှားနှင့်အီရန်တို့၏ ယခုဆောင်ရွက်သည့် ဆောင်ရွက်ချက်များသည် ဆိုးရွားလှသော လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အခြေအနေများကို ဖြေလျှော့ပေးမည်ဖြစ်ပြီး အကျပ်အတည်းများကို သံတမန်နည်းအရဖြေရှင်းရန် လမ်းခင်း ပေးမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

       လွန်ခဲ့သည့်သီတင်းနှစ်ပတ်ခန့်က ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက တိုက်ခိုက်ခဲ့သည့် အတွက် လက်တုံ့ပြန်သည့်အနေဖြင့် အစ္စရေးနိုင်ငံကို မောင်းသူမဲ့လေယာဉ်နှင့် ဒုံးကျည်များဖြင့် အီရန်နှင့် မဟာမိတ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

#PAN