အမှတ်ပေးဇယားကို ဦး‌ဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ ရှုံးပွဲကြုံခဲ့ရ

ဧပြီ ၁၆

      စူပါဆန်းဒေးရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီ‌ဗာပူးလ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်း က အိမ်ရှင် လီဗာပူးလ်အသင်းကို တစ်ဂိုးမရှိ အနိုင်ရရှိခဲ့ပါတယ်။

       ချန်ပီယံဖြစ်ရေးအတွက် အမှတ်တွေ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းဟာ အခု ပွဲစဉ်ကြောင့် ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေးနည်းပါးလာခဲ့ပြီ ဖြစ်ပါတယ်။  လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်မှာလည်း အိမ်ကွင်း မှာ အတ္တလန်တာအသင်းကို ရှုံးနိမ်ခဲ့ပါတယ်။ ရာသီပြီးဆုံးခါနီးမှာ ရလဒ်တွေဆိုးရွားလာတဲ့ လီဗာပူးလ် အသင်း အနေနဲ့ ရလဒ်တွေကို ပြန်လည်ကောင်မွန်အောင် လုပ်တောင်နိုင်မလားဆိုတာ စောင်ကြည့်ရမှာ ဖြစ်ပါတယ်။

      အလားတူ အာဆင်နယ်အသင်းဟာ တနင်္ဂနွေညရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် အက်စတွန်ဗီလာ အသင်း နဲ့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းက အာဆင်နယ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

      ချန်ပီယံလမ်းကြောင်းပေါ်မှာ  အာဆင်နယ် ၊ မန်စီးတီး၊ လီဗာပူးလ်တို့အသင်းတို့ အပြိုင်ရှိနေတာကြောင့် အမှတ်တွေ လိုအပ်နေတာဖြစ်ပါတယ်။ အခုလို အမှတ်တွေလိုအပ်နေချိန်မှာ လီ‌ဗာပူးလ်အသင်းက ခရစ္စတယ် ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့သလို အာဆင်နယ်အသင်းကလည်း အက်စတွန်ဗီလာအသင်းကို ရှုံးခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းက ၇၃ မှတ် အမှတ်ပေးဇယားကို ဦး‌ဆောင်နေပြီး အာဆင်နယ်နှင့် လီဗာပူးလ်အသင်းတို့က ဒုတိယ၊ တတိယနေရာမှာ ရမှတ် ၇၁ မှတ် နှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အသီးသီးရပ်တည်နေကြပါတယ်။

#PAN