ဆွမ်ဘရာဘွမ်တွင် စက်သုံးဆီပြတ်လပ်နေဟုဆို

(ပြည်တွင်း)ဧပြီ ၁၂

ဆွမ်ဘရာဘွမ်မြို့တွင် အကြမ်းဖက်သောင်း​ကျန်းသူများဖြစ်သည့် KIA/PDFအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် မြစ်ကြီးနား-ပူတာအိုကားလမ်း ၁ လကျော်ကြာ ပိတ်ထားခဲ့ရသည့်အတွက် ပူတာအို/မချမ်းဘော့ဒေသများတွင် စက်သုံးဆီနှင့်ကုန်စည်ပစ္စည်းများ ပြတ်လပ်မှုရှိပြီး စျေးနှုန်းအဆမတန်ကြီးမြင့်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ဆီဆိုင်အားလုံးနီးပါး ပိတ်ထားလိုက်ပြီဖြစ်ကြောင်းသိရပြီး အရေးပေါ်သာရေး/နာရေးကိစ္စတွေမှာ ဆီမရှိ၍ နစ်နာဆုံးရှုံးမှုများ နေ့စဥ်ကြုံတွေ့နေရကြောင်းသိရသည်။

ထို့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများရပ်ဆိုင်းခြင်း၊ အသင်းအဖွဲ့လုပ်ငန်းများရပ်ဆိုင်းခြင်းစသည့်လူမှုရေးလုပ်ငန်းများတွင် နေ့စဥ် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကာ ကျွဲနွားနေရာ၌အစားထိုးလာသော အသေးစားစက်များလည်းလုပ်ငန်းခွင်မဝင်နိုင်တော့သည့်အခြေအနေသို့ ရောက်ရှိနေကြောင်းဒေသခံများထံမှ သိရသည်။

#PAN