နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယားအနုပညာရှင်များ ရန်ကုန်မြို့သို့ထပ်မံရောက်ရှိဟုဆို


(ပြည်တွင်း) ဧပြီ ၁၂

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် ကိုရီးယား K-pop အနုပညာရှင်တွေပါဝင်သည့် ဒုတိယ အဖွဲ့သည် ဧပြီလ ၁၁ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိကြကြောင်း သိရသည်။

အဆိုပါ ကိုရီးယား K-pop အနုပညာရှင်များ ဒုတိယအဖွဲ့တွင် DJ/Performances Lee, Saemi ဦးဆောင်သည့် ကိုရီးယာအနုပညာရှင် ငါးဦးအဖွဲ့ပါဝင်ပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက် နိုင်ရန်အတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ယနေ့ ဧပြီ ၁၂ ရက်တွင် နေပြည်တော်သို့ လာရောက်ပြီဖြစ်ပြီး ကိုရီးယား K-pop အနုပညာရှင် ၁၉ ဦးပါအဖွဲ့သည် ဧပြီ ၁၄ ရက်တွင် ထပ်မံရောက်ရှိကြမည်ဖြစ်ကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21614

PAN