ရေစကြိုမြို့နယ်၊ ဘုံဘကျွန်းကျေးရွာရှိဘုန်းကြီးကျောင်းအတွင်းမှ အကြမ်းဖက် PDF အဖွဲ့ များ၏ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းသိမ်းဆည်းရမိ


ဧပြီ ၁၂

ယမန်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ဘုံဘကျွန်းကျေးရွာရှိဘုန်းကြီးကျောင်းအတွင်း၌ အကြမ်းဖက် PDF များ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းထားကြောင်း ဒေသခံများ၏ လျှို့ဝှက်သတင်း‌ပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်ရှာဖွေစစ်ဆေးရာလက်လုပ်သေနတ် ၂ လက်ဝါယာကြိုး ၈ ခွေ၊ ရီမု ၁ ခု၊ ရေဒီယို ၁ လုံး တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့်လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

Telegram Link>>…
https://t.me/positiveanglenews/21613

PAN