ပျဥ်းမနားမြို့တွင် ပါဝါပန့်အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား


(ပြည်တွင်း)ဧပြီ ၁၁

နေပြည်တော် ပျဥ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်၊ ရန်-မန်းလမ်းဘေး၊ မြင်ရတနာအနီးတွင် ယနေ့နံနက် ၁၀နါရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ
မီးသတ်ရေယာဥ်(၆)စီး၊ အုပ်ချုပ်မှု့ယာဥ် (၂)စီးဖြင့် ၀ိုင်း၀န်းငြိမ်းသက်လျှက်ရှိနံနက် ၁၀နါရီ ၂၀မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်းကျွမ်းရခြင်းမှာ ဒေါ်သီတာလွင်(ခ)ဒရှီးဒါ(၅၀)နှစ်၊ (ဘ)ဦးတင်အောင်၊ အမှတ်(၆/၁၈)၊ ရန်-မန်းလမ်း၊ နယ်မြေ(၆)၊ ရန်အောင်(၂)ရပ်ကွက်၊ ပျဥ်းမနားမြို့နေသူနေထိုင်သည့် နေအိမ် အပေါ်ထပ်တွင် ပါဝါပန့်အားသွင်းထားရှိရာမှ အပူလွန်ကဲပြီး လောင်ကျွမ်းရခြင်းဖြစ်ကြောင်း၊ မီးလောင်းကျွမ်းမှုကြောင့် အမှတ်(၆/၁၈)ရှိ အလျား(၃၀)၊ အနံ(၃၀)၊ (၂)ထပ်တိုက်၊ သွပ်မိုး၊ ပျဥ်ခင်းနေအိမ်၊ အမှတ်(၆/၁၇)ရှိ အလျား(၄၀)၊ အနံ(၃၀)၊ (၂)ထပ်၊ ပျဥ်ထောင်/ပျဥ်ခင်းနေအိမ်နှင့် အမှတ်(၆/၁၉)ရှိ အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ (၁)ထပ်တိုက်တို့၏ နေအိမ်ခေါင်မိုးနှင့် အပေါ်ထပ်တို့အား မီးလောင်ကျွမ်းခဲ့ပြီး လူ/တိရိစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21589

PAN