နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် မပေါက်ကွဲသေးသော ရှော့တိုက်ဒုံး ၃ လုံးနှင့် ပေါက်ကွဲပြီး ရှော့တိုက်ဒုံး အခွံ ၄ လုံးတွေ့ရှိ

ဧပြီ ၁၁

      နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ အုပ်စု၊ရေလည်ကွေ့ကျေးရွာ နှင့် ကမ္ဘာ့ရှမ်းရွာကျေးရွာအကြားရှိ ထန်းတော်အနီး၊ ဦးဝင်းရွှေ၏တောင်ယာတဲအနီးတွင် ရှော့တိုက်ဒုံး ၃ လုံးကို ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်တွင် တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

     ယနေ့ နံနက် ၅ နာရီ ၁၀ မိနစ်အချိန် လယ်ဝေးမြို့ နယ်၊ အေလာကျေးရွာအုပ်စု၊ရေလည်ကွေ့ကျေးရွာ၏ အရှေ့ဖက်တွင် ပေါက်ကွဲသံကြားရသဖြင့် သွားရောက်ကြည့်ရှု့ရာမှ ရေလည်ကွေ့ကျေး ရွာနှင့် ကမ္ဘာ့ရှမ်းရွာကျေးရွာအကြားရှိ ထန်းတော်အနီး၊ ဦးဝင်းရွှေ၏ တောင်ယာတဲအနီးတွင် အမည်နှင့်အမျိုးအစားစိစစ်ဆဲ PVC ပိုက်ဖြင့်ပြုလုပ်ထားသော ဆိုင်ကယ်ဘတ္ထရီအိုးပါ ရှော့တိုက်ဒုံး ၃ လုံးအားပြင်ဆင်ထားသည်ကိုတွေ့ရှိရသည်ဟု မျက်မြင် ဒေသခံရွာသားများကပြောသည်။ ၎င်းအပြင် ​ပေါက်ကွဲပြီး ရှော့တိုက်ဒုံး အခွံ ၄ လုံးတို့ကိုလည်းတွေ့ရှိရကြောင်း ၎င်းတို့က ဆက်လက်ပြော သည်။

      အဆိုပါအခင်းဖြစ်နေရာသို့ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့ နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူးများနှင့် တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီး ၎င်းရှော့တိုက်ဒုံးများကို ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN