ညောင်ဦးမြို့နယ်တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ် ၇ လုံး မီးလောင်ဆုံးရှုံး

​(ပြည်တွင်း)ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ပုလင်း (အရှေ့)ကျေးရွာ၌ ယမန်နေ့ ညနေ၅နာရီ၂၀မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှသွားရောက် ငြိမ်းသတ်ခဲ့ရာ ညနေ ၅နာရီ၄၅မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့​​ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှုကြောင့်ပုလင်း (အရှေ့)ကျေးရွာနေသူများဖြစ်သည့် ဦးစန်းလင်းဦး၊၃၆နှစ်၊(ဘ)ဦးကြိုင်မြင့်၊လမ်းလုပ်သား၊ ၂၀×၃၀ပေပတ်လည် သွပ်မိုး၊ထရံကာ၊မြေစိုက်နေအိမ်၁လုံး၊ ဒေါ်စန်းနုဝင်း၊၃၈နှစ်၊(ဘ)ဦးထွန်းရွှေ၊ ၂၀×၂၀ ပေပတ်လည် သွပ်မိုး၊ထရံကာ၊မြေစိုက်နေအိမ် ၁လုံး၊ဦးပြုံးချို၊၃၅နှစ်၊(ဘ)ဦးအောင်မြင့်စိန်၊ ၁၅×၂၀ ပေပတ်လည် သွပ်မိုး၊ထရံကာ၊​မြေစိုက်နေအိမ် ၁လုံး၊ဦးစောလင်းထိုက်၊၄၀နှစ်၊(ဘ) ဦးထွန်းရွှေ၊ ၁၅×၁၅ ပေပတ်လည် သွပ်မိုး၊ထရံကာ၊မြေစိုက်နေအိမ် ၁လုံး၊ ဦးစန်းလင်းနိုင်၊၂၅နှစ်၊(ဘ)ဦးမျိုးတင်၊ ၁၅×၁၅ ပေပတ်လည် သွပ်မိုး၊ထရံကာ၊မြေစိုက်နေအိမ် ၁လုံး၊ဦးတင့်နွယ်၊၅၈နှစ်၊(ဘ)ဦးဟန်ဆင့်၊ ၃၀×၃၀ ပေပတ်လည် သွပ်မိုး၊အုတ်ညှပ်၊မြေစိုက်နေအိမ် ၁လုံး၊ဦးအောင်မြင့်စိန်၊၅၁နှစ်၊(ဘ)ဦးပေါ၊ ၁၅×၁၅ ပေပတ်လည် သွပ်မိုး၊ထရံကာ၊မြေစိုက်နေအိမ် ၁လုံး၊ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်စဉ်မှာ ဦးစန်းလင်းဦး၊၃၆၊နှစ်၊(ဘ)ဦးကြိုင်မြင့်၊လမ်းလုပ်သား၊ပုလင်း (အရှေ့) ကျေးရွာ၊ညောင်ဦးမြို့နေသူ၏ နေအိမ်တွင် ၎င်း၏သမီးဖြစ်သူ မဖြိုးဟေမာန်ဦး၊၉နှစ်၊(ဘ)ဦးစန်းလင်းဦး၊ကျောင်းသူမှ ထမင်းချက်သည့် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းနှင့်အိမ်ရှင်ဖြစ်သူ ဦးစန်းလင်းဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

#PAN