လှည်းတန်းတံတားပေါ်က ယာဉ်တိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

(ပြည်တွင်း)ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတံတားပေါ်တွင် ယနေ့မွန်းလွဲ၄နာရီ၂၂မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။ အဆိုပါ ယာဥ်

တိုက်မှုဖြစ်ပွားသည့်နေရာသို့ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့​​​ကြောင်းသိရသည်။

ယာဥ်တိုက်မှုဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦးသေဆုံးခဲ့ပြီး ပြည်သူ+လူရွှင်တော်(စမ်းချောင်း) ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့​​ကြောင်းသိရသည်။

#PAN