ကျောက်ပန်းတောင်းမြို့နယ်တွင် အပြစ်မဲ့ပြည်သူနှစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်၌ လာရောက်ပစ်ခတ်သတ်ဖြတ်

(ပြည်တွင်း)ဧပြီ ၈

NLD အစိုးရ၏ ၂၀၂၀ ရွေးကောက်ပွဲမသမာမှုများနှင့်အတူ လက်နက်ကိုင်ပုန်ကန်မှုများ သတ်ဖြတ်မှုများပေါ်ပေါက်လာပြီး မန္တလေးတိုင်းဒေသကြီးကျောက်ပန်းတောင်းမြို့နယ်၊တံခွန်တိုင်ကျေးရွာ၌ ယနေ့မွန်းလွဲ၂နာရီကျော်အချိန်ခန့်က အရပ်သား ၂ဦးအား အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးသိန်းမြင့်၊၆၅နှစ်၊(ဘ)ဦးချစ်ညွန့်၊တံခွန်တိုင်ကျေးရွာ၊ကျောက်ပန်းတောင်းမြို့နယ်နေသူနှင့် ၎င်း၏ သားဖြစ်သူ ဦးဝင်းမင်းသန့်၊၄၀နှစ်တို့ ၂ဦးသည် နေအိမ်၌ရှိနေစဉ် မွန်းလွဲ၂နာရီကျော် အချိန်ခန့်တွင် ဆိုင်ကယ် ၃စီးဖြင့် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ၆ဦးမှာ သေနတ်အတိုများ(စိစစ်ဆဲ)ကိုင်ဆောင်၍ ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ကျေးရွာ၏ အရှေ့ဘက်လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသိန်းမြင့်တွင် ဝဲ-နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-လက်ဖျံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း၊သား​ဖြစ်သူဦးဝင်းမင်းသန့်တွင် နဖူး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း သေဆုံးခဲ့ကြောင်း သိရသည်။

#PAN