မိုင်းယောင်းမြို့မှ “ဧဝရတ်ရွှေဆိုင်” ဓါးပြတိုက်မှုဖြစ် အမျိုးသမီးတစ်ဦးသေဆုံး

(ပြည်တွင်း)ဧပြီ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့ ၊ရပ်ကွက်(၈)အတွင်းမှ ဧဝရတ်ရွှေဆိုင်တွင် ယနေ့ မွန်းလွဲ၂နာရီ၃၈မိနစ်အချိန်ခန့်က ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဧဝရတ်ရွှေဆိုင်သို့ သေနတ်မျာကိုင်ဆောင်သူ အမျိုးသား(၄)ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် ရောက်လာပြီး ဆိုင်ရှင်ကို သေနတ်နှင့်ပစ်ခတ်ခဲ့သည့်အပြင် အနီးဝန်းကျင်ကိုလည်းထပ်မံ ပစ်ခတ်ခဲ့သည့်အတွက် ရွှေဆိုင်ပိုင်ရှင်တွင် ဘယ်ဖက် ခြေသလုံးကို ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

ထိုပစ်ခတ်မှုကြောင့် ရွှေဆိုင်အနီးတွင်ရှိနေသည့် မအီမွန်း ဆိုသူ အသက်(၂၉)အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဓါးပြအဖွဲ့သည် ရွှေဆိုင်ထဲမှ ရွှေများကို ယူဆောင်ပြီး ၎င်းတို့စီးလာသည့်ဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပြီး ယခုဓါးပြတိုက်မှုကြောင့် ရွှေထည်ပစ္စည်း မည်မျှဆုံးရှုံးခဲ့သည်ကို မသိရှိရသေးကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံ သတင်းရရှိသည်။

#PAN