စဉ့်ကူးမြို့နယ်တွင် လက်ဘက်ရည်ဆိုင် ထိုင်နေသော ကျေးရွာတာဝန်ခံတစ်ဦးကို အကြမ်းဖက် PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း)ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာရှိ အောင်ကျော်စွာ လက်ဘက်ရည်ဆိုင်တွင် ထိုင်နေသော ကျေးရွာတာဝန်ခံတစ်ဦးကို ယနေ့နံနက်၁၁နာရီကျော်အချိန်ခန့်က အကြမ်းဖက် PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။

နွယ်ရုံကျေးရွာတာဝန်ခံ ဦးထွန်းထွန်းဦးသည် ကျေးရွာရှိ အောင်ကျော်စွာ လက်ဘက်ရည်ဆိုင်တွင်ထိုင်နေစဥ် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဦးထွန်းထွန်းဦးတွင် ဝမ်းဗိုက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊လက်ညှိုး ၊ပေါင်ရင်းနှင့် ယာဒူးတို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews