စဥ့်ကူးမြို့နယ်တွင် အကြမ်းဖက်PDFအဖွဲ့ထောင်ထားသေား မိုင်းအား နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားကာ တစ်ဦးသေဆုံး


(ပြည်တွင်း)ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊စဥ့်ကူးမြို့နယ်၊ရွှေပြည်ကျေးရွာ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ ဆင်ရုပ်နှစ် ကောင်အနီး၌ ပြုလုပ်ထားသော နွားခြံသို့ နွားများပြောင်းရွှေ့လာသော ညီအစ်ကိုနှစ်ဦး အကြမ်းဖက်PDFအဖွဲ့ထောင်ထားသေား မိုင်းအား နင်းမိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက်၉နာရီ ၄၅မိနစ်အချိန်ခန့်က လက်ပန်လှကျေးရွာ အုပ်စု၊ပြည်စိုးအောင်ရပ်နေ အမည်မသိ အမျိုးသား ညီအစ်ကိုနှစ်ဦး(ကိုယ်ရေးအချက် အလက်စီစစ်ဆဲ)တို့သည် ၎င်းတို့ပိုင်ဆိုင်သော နွားများအား ဆင်ရုပ်နှစ်ကောင်အနီး ပြုလုပ်ထားသော နွားခြံသို့ ရွှေ့ပြောင်းထားရန်အတွက် နွားများအား ပြည်စိုးအောင်ရပ်မှ မောင်းနှင်သွားစဉ် အကြမ်းဖက် ​သောင်းကျန်းသူအဖွဲ့များ ထောင်ထားသည့် မိုင်းအား ညီအစ်ကိုနှစ်ဦးအနက် ညီဖြစ်သူမှ တက်နင်းမိပြီး ပေါက်ကွဲခဲ့သဖြင့် ညီဖြစ်သူမှာ ခြေတစ်ဖက်ပြတ်၍ ဝမ်းဗိုက်ပေါက်ကာ အူများထွက်လျက် သေဆုံးသွားကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews