ထိုင်ဝမ်တွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံးငလျင်လှုပ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး


ဧပြီ ၃

ထိုင်ဝမ်ကျွန်းတွင် ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ငလျင် လှုပ်ခတ်မှုကြောင့် ၄ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြင်းအား ၇ ဒဿမ ၄ ရစ်ချ်တာစကေး အဆင့်ရှိသည့် ငလျင်သည် ထိုင်ဝမ်ကျွန်း ကမ်းရိုးတမ်းဒေသဖြစ်သည့် Hualien ဒေသတွင် ဒေသစံတော်ချိန် နံနက် ၈နာရီဝန်းကျင်တွင် နီးကပ်စွာ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လှုပ်ခတ်မှုကြောင့် အဆောက်အုံအများအပြား ပျက်စီးပြိုလဲခဲ့ပြီး လူအချို့လည်း အဆောက်အအုံများနှင့် ဥမင်လှိုဏ်ခေါင်းများအတွင်း ပိတ်မိနေကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးနှင့် အင်တာနက်များ ပြတ်တောက်နေကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

ထိုင်ဝမ်တွင် ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် အိမ်နီးခြင်း ဂျပန်နိုင်ငံတွင် ဆူနာမီသတိပေးချက်များထုတ်ပြန်ထားပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများအား ယာယီ ဘေးလွတ်ရာရွှေ့ပြောင်းနေကြောင်းသိရသည်။

ထိုင်ဝမ်ကျွန်းတွင် ၁၉၉၉ ခုနှစ်က ရစ်ချ်တာစကေး ၇.၆ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၂၄၀၀ ကျော်သေဆုံးကာ အဆောက်အဦး ၅၀၀၀ ကျော်ပျက်စီးခဲ့သည်။

PAN