ခန္တီးမြို့နယ်၊ လောင်ငေါက်ကျေးရွာအဝင် ဆက်ကြေးကောက်နေသော အကြမ်းဖက်သမားများကို လုံခြုံရေးအဖွဲ့မှ ပစ်ခတ်ရှင်းလင်း


ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လောင်ငေါက်ကျေးရွာအနီး NSCN(K)ခွဲထွက်အဖွဲ့မှ ENNO/ENDA အကြမ်းဖက်များ၏ အလောင်းနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။

ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ခန္တီးမြို့နယ်၊ လောင်ငေါက်ကျေးရွာအဝင်ရှိ ဆုံဆည်းရာစားသောက်ဆိုင်အနီးတွင် NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှ ဒုခေါင်းဆောင်အဆင့်ရှိ ရှန်းခန်းအောင်(ခ)ရှန်းမောင်ဦးစီး၍ ၂ ဦးသည် ပြည်သူများသွားလာနေသောလမ်းပေါ်ရှိ မော်တော်ယာဉ်များထံမှ ဆက်ကြေး ကောက်ခံနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းတိုက် ခိုက်ခဲ့ရာ NSCN(K)ခွဲထွက် ENNO/ENDA အဖွဲ့မှအကြမ်းဖက် ၁ လောင်း၊ အမ်အေ-၅ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉မမ ကျည် ၄ တောင့်၊ နိုင်ငံသားစိစစ်ရေးကတ် ၁ ခု၊ ငွေ ၇၀၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

PAN