တာချီလိတ်မြို့နယ်တွင် နေအိမ် (၁၇)လုံးနှင့် ဘုရားကျောင်း(၁)ကျောင်းမီးလောင်


(ပြည်တွင်း) ဧပြီ ၂

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းအုပ်စု စန်းလုရွာတွင် ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် နံနက် ၃ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ (၁၇)လုံးနှင့်ဘုရားကျောင်း(၁)ကျောင်းမီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရပါသည်။

မီးလောင်မှုမှာ အချိန် ၂ နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီးဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီခွဲချိန်ခန့်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို မြို့နယ်မီးသတ်တပ်ဖွဲ့၊အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူများကဝိုင်းဝန်းငြိမ်းသတ်ခဲ့​ကြကြောင်း သိရသည်။