တာချီလိတ်မြို့၌ ငွေကျပ် ၁၆၈၀ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


(ပြည်တွင်း) ဧပြီ ၁

တာချီလိတ်မြို့၌ ငွေကျပ် ၁၆၈၀ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


(ပြည်တွင်း) ဧပြီ ၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် စံပယ်ဖြူလမ်းရှိ မိုတယ်အခန်းအမှတ်(A-1)ကို သတင်းအရရှာဖွေရာ ဘိုဘို အောင်(ခ)ကိုအောင်နှင့် မင်းကိုခိုင် (ခ) မောင်ခိုင်တို့အား စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၅၂ ကီလို၊ ကက်တမင်း သုညဒသမ ၀၈၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဘိုဘိုအောင်(ခ)ကိုအောင် ၃၇ နှစ်နှင့် မင်းကိုခိုင် (ခ)မောင်ခိုင် ၂၈ နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

PAN