အိုင်စီဂျေတရားရုံးက ဂါဇာအငတ်ဘေးကို တားဆီးပေးရန် အစ္စရေးကိုညွှန်ကြား


မတ်၃၀

အိုင်စီဂျေတရားရုံးက ဂါဇာအငတ်ဘေးကို တားဆီးပေးရန် အစ္စရေးကိုညွှန်ကြား


(ပြည်တွင်း)မတ်၃၀

ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးဆိုက်မည့်အရေးကို တားဆီးပေးရေးအတွက် နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့အခြေစိုက် ကမ္ဘာ့တရားရုံး(အိုင်စီဂျေ) တရားသူကြီးများက မတ်လ ၂၈ ရက်တွင် အစ္စရေးနိုင်ငံကို ညွှန်ကြားထားသည်။

ဂါဇာဒေသရှိ ပါလက်စတိုင်းလူမျိုးများ အခြေခံစားရေရိက္ခာများ ရရှိစေရေး၊ အငတ်ဘေးပျံ့နှံမှုကို တားဆီးရေးအတွက် လိုအပ်သည့်လုပ်ငန်းအစီအမံမှန်သမျှ ထိရောက်စွာလုပ်ဆောင်ပေးရန် အိုင်စီဂျေတရား သူကြီးများ၏ ညွှန်ကြားချက်၌ ဖော်ပြထားသည်။

ကမ္ဘာ့တရားရုံးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသ၌ အငတ်ဘေးစတင်ဝင်ရောက်နေပြီဟူ၍ မှတ်ယူ ထားကြောင်း အိုင်စီဂျေတရားသူကြီးများက ပြောကြားထားသည်။

ဂါဇာမြောက်ပိုင်း အယ်လ်ရှီဖာဆေးရုံ ဝန်းကျင်၌ အစ္စရေးတပ်များနှင့် ဟားမတ်စ်အုပ်စုတိုကြား အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေစဉ် ဂါဇာ အငတ်ဘေးကို တားဆီးရန် အိုင်စီဂျေတရားသူကြီးများက အစ္စရေးကို ညွှန်ကြားထားခြင်းဖြစ်သည်။

အိုင်စီဂျေတရားသူကြီးများသည် တောင်အာဖရိကနိုင်ငံ၏ တောင်းဆိုချက်အရ ဂါဇာအငတ်ဘေးကို တားဆီးရန် အစ္စရေးနိုင်ငံကို ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အိုင်စီဂျေ၏ ညွှန်ကြားချက်နှင့်ပတ်သက်၍ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက တစ်စုံတစ်ရာတုံပြန်မှုမရှိသေးကြောင်း သိရသည်။

PAN