ရာဖာအရေးဆွေးနွေးပွဲ ပြန်လည်စီစဉ်ရန် အစ္စရေးသဘောတူဟု အိမ်ဖြူတော်ပြောကြား


မတ် ၂၉

ရာဖာအရေးဆွေးနွေးပွဲ ပြန်လည်စီစဉ်ရန် အစ္စရေးသဘောတူဟု အိမ်ဖြူတော်ပြောကြား


မတ် ၂၉

ဂါဇာကမ်းမြောင်တောင်ပိုင်း၌ ကြိုတင်စီစဉ်ထားသည့် အစ္စရေးတို၏မြေပြင်ထိုးစစ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးပွဲပြန်လည်စီစဉ်ရန် အစ္စရေးဘက်က သဘောတူခဲ့ကြောင်း အမေရိကန်က ပြောကြား သည်။

ယခုသီတင်းပတ်တွင် ဝါရှင်တန်သို ကိုယ်စားလှယ်အဖွဲ စေလွှတ်မည့်အစီအစဉ်ကို အစ္စရေးက ဖျက်သိမ်း လိုက်ပြီးနောက် ဆွေးနွေးပွဲပြန်လည်စီစဉ်ရန် သဘောတူခဲ့သည်ဆိုသည့်သတင်းမျိုး ထွက်ပေါ်လာခဲ့ခြင်းဖြစ် သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု နှင့် မတ်လ ၁၈ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က အစ္စရေးတို၏ ရာဖာစီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများအပြား သေဆုံးနိုင်ခြေရှိသည်ဆိုသည့် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ညှိနှိင်းဆွေးနွေး သွားရန် ကိုယ်စားလှယ်အဖွဲကို စေလွှတ်နိုင်ရေး အမေရိကန်သမ္မတက အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်း ပြောကြားသည်။

သို့သော် ဂါဇာတွင် ရုတ်တရက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကိုတားမြစ်ရန် ပျက်ကွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၏ ပျက်ကွက်မှုကို တုံပြန် သည့်အနေဖြင့် အစ္စရေး က ဝါရှင်တန်သို့ ကိုယ်စားလှယ်စေလွှတ်မည့်အစီအစဉ်ကို မတ်လ ၂၅ ရက်က ဖျက်သိမ်း ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ်ရုံးက ဆွေးနွေးပွဲပြန်လည်စီစဉ်ရန် သဘောတူခဲ့သည်ဟု အိမ်ဖြူတော်သတင်း ထုတ်ပြန်ရေးအကြီးအကဲ ကာရင်ဂျန်ပယ်ရီ က သတင်းထောက်များကို မတ်လ ၂၇ ရက်တွင် ပြောကြားခဲ့သည်ဟု NHK သတင်းဌာနတွင် ဖော်ပြထားသည်။

PAN