နွေရာသီကာလ၌ ဒေသထွက် နနွင်းခြောက်များ ဈေးကောင်းရရှိနေ


(ပြည်တွင်း)မတ် ၂၉

လိပ်သို မတ် ၂၉ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နွေရာသီကာလ မိသားစုအပိုဝင်ငွေရရှိရန် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်း ကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးတူးဖော်ရောင်းချကြရာ နနွင်းခြောက်များ သိုလှောင်ရောင်းဝယ်ချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

နနွင်းများကို တူးဖော်ပြီး ရရှိလာသောနနွင်းတက်များကို နူးအောင်ပြုတ်ပြီး အခြောက်လှန်းကာ သိုလှောင်ရောင်းဝယ်ကြကြောင်း၊ လိပ်သိုမြို့ပေါ်ရှိ နနွင်းအဝယ်ဒိုင် များက ယခုနှစ် ဆောင်းရာသီကာလတွင် နနွင်းအခြောက်တစ်ပိဿာလျှင် (၄၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိသော်လည်း နွေရာသီကာလတွင် (၇၂၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက် ရှိနေကြောင်း သိရသည်။

နနွင်းခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ အများဆုံးတင်ပို့ ရောင်းချကြကြောင်း ၊ ဒေသတွင်း နနွင်းခြောက်ဝယ်ယူသူများက နနွင်းခြောက်များ ကြိတ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နနွင်းမှုန့်များ ပြုလုပ်ရောင်းချကြကြောင်း ၊ ယခုနှစ် တွင် နနွင်းခြောက်များ ဈေးကောင်းရရှိနေသဖြင့် သိုလှောင်ရောင်းဝယ်သူများ အဆင်ပြေ လျက်ရှိကာ လာမည့်နှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

PAN