ဂါဇာကမ်းမြောင်၌ ဆေးဝါးနှင့် အစားအစာပြတ်လပ်မှုကြောင့် ပထမဆုံးအစ္စရေးဓားစာခံ တစ်ဦးသေဆုံး


မတ် ၂၅

ဂါဇာကမ်းမြောင်၌ ဆေးဝါးနှင့် အစားအစာပြတ်လပ်မှုကြောင့် ပထမဆုံးအစ္စရေးဓားစာခံ တစ်ဦးသေဆုံး


မတ် ၂၅

ဂါဇာကမ်းမြောင်၌ ဆေးဝါးနှင့်အစားအစာပြတ်လပ်မှုကြောင့် ပထမဆုံး အစ္စရေးဓားစာခံတစ်ဦး သေဆုံး ကြောင်း ပါလက်စတိုင်း ဟားမတ်စ်အဖွဲက မတ်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အသက် ၃၄ နှစ်အရွယ် အစ္စရေးအမျိုးသား Yigev Bukhatab သည် ဆေးဝါးနှင့် အစားအစာပြတ်လပ်မှုကြောင့် သေဆုံးကြောင်း ကြေညာ ချက်တစ်ရပ်တွင် ဖော်ပြသည်။

ထိုပြင် ဂါဇာကမ်းရိုးတန်းတွင် နေထိုင်သော ပါလက်စတိုင်းနိုင်ငံသားများသည် လည်း အလားတူ အခက်အခဲအကျပ်အတည်းများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါကြေညာချက်တွင် ရေးသား ထားသည်။

အစ္စရေးအမျိုးသား Bukhatab ၏ ရုပ်အလောင်းကို ပြသသည့် ဗီဒီယိုဖိုင်အတိုတစ်ခုကိုလည်း အွန်လိုင်း ပေါ်သို တင်ခဲ့သည်။ သိုသော် အစီရင်ခံစာနှင့်ပတ်သက်၍ အစ္စရေးအစိုးရက လက်ရှိအချိန်ထိ မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်မှ စတင်သည့် အစ္စရေး-ပါလက်စတိုင်း အပြန် အလှန် စစ်ဆင်ရေးဆင်နွှမှုကြောင့် လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၃၂,၀၀၀ ကျော်ရှိလာကြောင်း ဟားမတ်စ်အဖွဲမှ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ပဋိပက္ခဖြစ်ပွားသည့် အချိန်မှစပြီး အစ္စရေး တပ်ဖွဲဝင်များသည် ပြည်သူ ၂ ဒသမ ၃၅ သန်းနေထိုင်ရာ ဂါဇာကမ်းရိုးတန်းဒေသကို ပိတ်ဆိုထားပြီး ဒေသခံများ အတွက် အစားအစာ၊ ရေ၊ ဆေးဝါးနှင့် လျှပ်စစ်ဓာတ်အားကဲ့သိုသော အထောက်အပံ့များကို ဖြတ်တောက်ထား ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

PAN