ဗန်းမော်လေယာဉ်ကွင်း ရှော့တိုက်ဒုံးနှင့်ပစ်ခံရဟုဆို


မတ် ၂၅
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ KIAနှင့် အကြမ်းဖက်ပူးပေါင်းအဖွဲများမှ ဗန်းမော်လေယာဉ်ကွင်းအား ရှော့တိုက်ဒုံးနှင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ကချင်ပြည်နယ် ဗန်းမော်မြို လေယာဉ်ကွင်းအား KIA နှင့် PDF အကြမ်းဖက်အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် လေယာဉ်ကွင်းအတွင်းကျရောက်ပေါက်ကွဲခြင်းမရှိပဲ ကွင်း၏အပြင်ဘက်ရှိ ကွန်ကရစ် အခင်း အလျား ၁ ပေ၊ အနံ ၄ လက်မ ၊ အနက် ၁ လက်မခန့် ပျက်စီးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြိုသူ မြိုသားများအနေဖြင့် ရန်ကုန်-မန္တလေး-မြစ်ကြီးနား မြိုများ သို သွားလာရာတွင် လေကြောင်းလိုင်းကိုသာ အဓိက အားထားနေရပြီး KIA အဖွဲအနေဖြင့် ယခုကဲ့သို အရပ်ဘက်ပစ်မှတ် လေဆိပ်အား အဝေးမှ လက်နက်ကြီးဖြင့်အကြမ်းဖက်တိုက်ခိုက်ခဲ့မှုအပေါ်ဗန်းမော် မြိုသူ မြိုသားများမှ KIA အဖွဲ ၏ လုပ်ရပ်ကို ဆန့်ကျင် ရှုတ်ချလျက်ရှိကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews