ဘယ်လ်ဂျီယံနှင့်ပွဲကို အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်း ထပ်မံလွဲချော်

မတ် ၂၅

အင်္ဂလန်အသင်း၏တိုက်စစ်မှူး ဟာရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာကြောင့် ဘယ်လ်ဂျီယံနှင့်ပွဲကို ထပ်မံလွဲချော်မည်ဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်း(၃၀ နှစ်)သည် ယင်းဒဏ်ရာကြောင့် ဘရာဇီးလ်နှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့သလို၊ သက်သာခြင်းမရှိသဖြင့် ဘယ်လ်ဂျီယံနှင့်ပွဲကိုလည်း ထပ်မံလွဲချော်ခြင်းဖြစ်ပါတယ်။

ဒဏ်ရာသက်သာလာခြင်းမရှိတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အင်္ဂလန်အသင်းက ဘိုင်ယန်မြူးနစ် အသင်းဆီ ပြန်လွှတ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းသည် မတ် ၃၁ ရက်မှာ ဒေါ့မွန်နဲ့ ကစားရမှာဖြစ်သလို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း အာဆင်နယ်အသင်းနဲ့ တွေ့ဆုံနေပြီး ပထမအကျော့ကို ဧပြီ(၉)၊ ဒုတိယအကျော့ကို ဧပြီ(၁၇)တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။