ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်စစ်ဆေးနေပြီး ငွေလဲကောင်တာ ၄ ခုကို အရေးယူ ထား


မတ် ၁၃

ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်စစ်ဆေးနေပြီး ငွေလဲကောင်တာ ၄ ခုကို အရေးယူ ထား


မတ် ၁၃

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲကောင်တာများကို ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ထိုကဲ့သို ရှောင်တခင်စစ်ဆေးရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer လေးခုအား အရေးယူဆောင်ရွက်ထားကြောင်းလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

မတ်လ ၆ ရက်နဲ့ ၈ ရက်တွင် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်း ကော်မတီကဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြိုတော် စည်ပင်သာယာရေး ကော်မတီ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများပါဝင်တဲ့ ပူးပေါင်းအဖွဲက ရန်ကုန်မြိုရှိ နိုင်ငံခြား ငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။

ယင်းကဲ့သို ရှောင်တခင်ဝင်ရောက်စစ်ဆေးစဉ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေကို လိုက်နာခြင်းမရှိသည့် Thura Nay Tun(Fame Money Changer)၊ Lead Star Money Changer၊ Steber Group Money Changer နှင့် Asia Shwe Thee Money Changer တိုမှာ ဥပဒေပါအချက်များအား လိုက်နာမှုရှိသည်ကို စိစစ်တွေ့ရှိခဲ့သောကြောင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ(၃၅)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင် သုံးလရပ်ဆိုင်းခြင်း ပြစ်ဒဏ် ချမှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပိုကုန်၊သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်တဲ့ Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို၊ ပြည်ပသိုသွားရောက်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံခြားငွေကြေးများကို ဗဟိုဘဏ်ရဲ့ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးတဲ့ ငွေလဲကောင်တာ များတွင် ရောင်းချပေးလျက်ရှိပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ် ခိုင်မာစေရေးအတွက် ယင်းကဲ့သို ရှောင်တခင်ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်ပြီး ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ကြပ်မတ်ထိန်းကျောင်းသွားမှာဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။

Website Link – https://starfmradio.live/news/5895/show

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN