ဖေဖော်ဝါရီ ၂၈
ယနေ့ နံနက် ၅ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် တပ်မတော်နှင့် KIA/PDF ပူးပေါင်းအကြမ်းဖက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ နှစ်ဖက်ပစ်ခတ်မှုသည် ၁ နာရီခန့်အချိန်ကြာမြင့်ပြီးနောက် KIA/PDF အဖွဲ့မှဆုတ်ခွာထွက်ပြေးသွားပြီး အကြမ်းဖက်အဖွဲ့ဝင် ၁ ဦး အသေပစ်ခတ်ဖမ်းဆီး ရရှိခဲ့ကြောင်း သိရှိရသည်။
ယနေ့ နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲသည် မံစီမြို့နယ်၊ သံတံတားကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA/PDF အကြမ်းဖက်အဖွဲ့မှ ဆုတ်ခွာထွက်ပြေးချိန်တွင် နေအိမ် ၃ လုံးကို မီးရှို့ခဲ့သွားကြောင်း သိရှိရသည်။
နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲကြောင့် သံတံတားကျေးရွာဒေသခံပြည်သူ ၄၀၀ ဦးခန့်သည် ကြောက်လန့်ကာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။
ယနေ့ပစ်ခတ်မှုတိုက်ပွဲသည် တပ်မတော်လုံခြုံရေးစစ်ကြောင်းကို အကြမ်းဖက်အဖွဲ့တို့က ကျေးရွာတွင်းမှနေကာ နေအိမ်များကို အကာကွယ်ပြု၍ တိုက်ခိုက်ခဲ့ကကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရှိရသည်။
#PAN