ဖေဖော်ဝါရီ ၂၇
ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မန္တလေး-မုံရွာသွား ကားလမ်းပေါ်တွင် အကြမ်းဖက် PDF များက ခရီသွားပြည်သူများ ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံတို့ကို တပ်မတော်စစ်ကြောင်းအဖွဲ့များက ဖော်ထုတ်ရှင်းလင်းဖယ်ရှားနိုင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် PDF အဖွဲ့များထောင်ထားသော လမ်းဘေးဝဲယာရှိ လက်လုပ်မိုင်းမျိုးစုံ ၄၉ လုံး၊ ဘတ္တရီအိုး ၄ လုံး၊ ကီးပက်ဖုန်း ၁ လုံး၊ ဝါယာကြိုး ၃ ခွေ တို့ကို အောင်မြင်စွာ ဖော်ထုတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။
ယခုလို တပ်မတော်စစ်ကြောင်းအဖွဲ့များက မိုင်းများရှင်းလင်းဖယ်ရှားပေးမှုကြောင့် ဒေသတွင်းပြည်သူများနှင့် ခရီးသွားလုပ်ငန်သယ်ယူပို့ဆောင်ရေး ယဉ်ပိုင်များနှင့် ယဉ်မောင်းများအပါဝင် ခရီးသွားပြည်သူများက တပ်မတော်သားများအပေါ် ကျေးဇူးတင်မှုများပြားလာသလို အကြမ်းဖက် PDF များ၏ လုပ်ရပ်ကို ရွံရှာမုန်းတီး လာကြကြောင်း ပြည်သူများထံမှလည်း သတင်းများကြားသိရသည်။
#PAN