မြန်မာနိုင်ငံက ကမ္ဘာ့ဆန်တင်ပိုမှု အဆင့် (၈) နေရာမှာရှိနေ


ယခု ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာ့ဆန်တင်ပို့တဲ့ နိုင်ငံများအနက် အဆင့် (၈) နေရာမှာ ရှိနေတယ်လို့ Seasia Stats က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ကမ္ဘာ့ဆန်တင်ပို့မှုက ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့အဆင့် (၅) နေရာမှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဆန်တန်ချိန် တစ်သန်းကျော်ကို ပြည်ပတင်ပိုနိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၄ သန်းရရှိခဲ့တယ်လို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်များအရ သိရပါတယ်။

လက်ရှိဘဏ္ဍာနှစ်မှာ ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်စေရန်အတွက် ကျန်ရှိနေတဲ့ ကာလအတွင်း ပြည်ပ ဆန်တင်ပို့မှုလျှော့ချသွားမှာဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် ပြည်ပသို့ နှစ်စဉ်တန်ချိန် ၂ ဒသမ ၁ သန်း တင်ပို့လေ့ရှိပေမယ့် ယခုဘဏ္ဍာနှစ်မှာ တန်ချိန် တစ်သန်းကျော်သာ တင်ပို့နိုင်တော့မှာဖြစ်ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာသန်း ၇၀၀ ဝန်းကျင်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။