မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအတွင်းမှ အကြမ်းဖက် PDF များ၏ အလောင်း လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


ဖေဖော်ဝါရီ ၂၆

ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာအတွင်း၌ အကြမ်းဖက်PDFများ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ လျှိုဝက်သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကျေးရွာသို့ လုံးခြုံရေးအဖွဲ့များ ရောက်ရှိစဉ် အကြမ်းဖက် PDFအဖွဲ့များက ကျေးရွာအတွင်းရှိ ပြည်သူများကို အကာအကွယ်ယူ ပစ်ခတ်တိုက်ခိုက်လာ၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါထိတွေ့ပစ်ခတ်မှုတိုက်ပွဲမှအကြမ်းဖက် PDF ၁ လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ်(အရှည်) ၃ လက်၊ ၆၀မမ ဗုံးသီး ၉ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ ၅.၅၆ မမကျည် ၅ တောင့်၊ ၇.၆၂ မမကျည် ၅ တောင့်၊ ယမ်းထုပ်(၁ပိဿာ) ၁ ထုပ်၊ အိုင်ကွန် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း(PDF တံဆိပ်ပါ) ၇ စုံ၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ပြောက်ကျားဘောင်းဘီ ၄ ထည်၊ကျည်ကာဦးထုပ်(အနက်) ၈ လုံး၊ ကျည်ကာအင်္ကျီ(အနက်) ၁၀ ထည်၊ ကီးပတ်ဖုန်း ၂ လုံး၊ ဝါယာကြိုး ၂ ခွေ၊ လက်လုပ်ကျည်အိမ် ၁ ခု၊ စူပါကာစတန်အမျိုးအစား(YGN-4B-3359) ၁ စီး၊ ဆိုင်ကယ်မျိုးစုံ ၄ စီးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

PAN