မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ နန့်ရင်းချောင်းကူးတံတားကို ဖြတ်သန်းသွားလာခြင်းမပြုနိုင်ရန် တံတားထိပ်နှစ်ဖက်ကို အကြမ်းဖက် KIA/PDF များက ဘက်ဟိုးများဖြင့် ဖျက်ဆီး


ဖေဖော်ဝါရီ ၂၆

ယမန်နေ့ ညနေပိုင်းတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ရှိ နန့်ရင်းချောင်းကူးတံတားကို ဖြတ်သန်းသွားလာခြင်းမပြုနိုင်ရန် တံတား ထိပ်နှစ်ဖက်စလုံးကို အကြမ်းဖက်အင်အား ၁၀၀ ဦးခန့်က ဘက်ဟိုး ၂ စီးဖြင့် အနက် ၈ ပေခန့်ရှိသည့် ကျင်းများတူး​ကာ ဖျက်ဆီးသွားခဲ့ကြောင်း၊ ဒေသခံများ၏ ပြောဆိုချက်အရ ရှမ်းနီ(သို့) KIA/PDF များဖြစ်နိုင်ကြောင်း လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြောင်း သိရှိရသည်။

အဆိုပါ လမ်းသည် ဟိုပင်မြို့မှ ဆင်ဘိုမြို့အထိသွားလာနိုင်သည့် လမ်းဖြစ်သောကြောင့် တပ်မတော်စစ်ကြောင်းများအပြင် KIA/PDFတို့က မကြာခဏ ရိက္ခာပို့ဆောင်ရန် ယာဥ်များဖြင့် ဖြတ်သန်းနေသည့်လမ်းလည်းဖြစ်ကြောင်း၊ ဒေသခံအမျိုးသားတစ်ဦး၏ ပြောဆိုမှုများအရသိရှိရသည်။

ထို့လမ်းပိုင်းသည် ဗန်းမော်အထိအရောက်သွားနိုင်သည့် လမ်းဖြစ်ပြီး တောင်သူများအဓိက အားကိုးအားထားပြုနေရသည့် ကုန်ထုတ်လမ်းနှင့် တံတားကြီးလည်းဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းမှစတင်၍ နန့်ရင်းကျေးရွာနှင့်အနီးတစ်ဝိုက်တွင် ကားများဖြင့်ကင်းလှည့်နေသည့်စစ်ကြောင်းက နယ်မြေလှုပ်ရှားပြုလုပ်နေသည့်အတွက် ထိုပတ်၀န်းကျင်၌ တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံတို့ကစိုးရိမ်နေကြောင်း သိရှိရသည်။

PAN