ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေးစစ်ကြောင်းနှင့် အကြမ်းဖက် PDF အဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်


ဖေဖော်ဝါရီ ၁၃

ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာအနီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ များသည် အကြမ်းဖက် PDF များမှ ချောင်းမြောင်းတိုက်ခိုက်လာသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ယင်း ထိတွေ့ပစ်ခတ်မှုတွင် အကြမ်းဖက် PDF ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အတူ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ လက်လုပ်မိုင်း ၃၀ လုံး၊ ၁၂ ဗို့ ဘက္ထရီ ၂ လုံး ၊ ကီးပတ်ဖုန်း ၁ လုံး၊ ရီမုခလုပ် ၁ ခု၊ ဝါယာကြိုးမျိုးစုံ ၅၀၀ ပေတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

PAN